အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

အသိပေးကြေညာချက် Friday, 08 March 2019 00:00
Rate this item
(0 votes)

      ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အား - ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှု နှင့်သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ - တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ - အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှစ်တို/ရှည်စီမံချက် (Action Plan) ရေးဆွဲ အကောင်အထည်ဖော်ရန်၊ - အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment)ကို ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုများနှင့် ပက်သက်၍ ဆောင်ရွက်မှု အခြေအနေအား သတင်းထုတ်ပြန်ရန်၊ - အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အထောက်အကူပြု အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းပေးရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှင့်ပက်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ အဖွဲ့ငယ်များ စေလွှတ်၍ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သင်ကြားပို့ချခြင်း စသည်ဖြင့် အသိပညာပေး ဖြန့်ဝေဆောင်ရွက်ရန်၊ - ဝန်ကြီးဌာန၏ သင်တန်းကျောင်းနှင့် သင်တန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကို ဘာသာရပ်(၁)ခု ထည့်သွင်း၍ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်း နှင့် သဘောသဘာဝချင်း တူညီသော အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ - အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ထံ လစဉ် အစီရင်ခံတင်ပြပြီး နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံစာ ပေးပို့တင်ပြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သို့ မိတ္တူ ပေးရန်၊ - ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့မှ တာဝန်ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ရန်။ တို့အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၅/၂၀၁၉ ၊ ၂၈-၂-၂၀၁၉ ရက်စွဲဖြင့် အရာထမ်း(၉)ဦး၊ အမှုထမ်း(၅)ဦး ပါဝင် ဖွဲ့စည်းလိုက်သည်။

Read 865 times

နေ့စဉ်သတင်းစာများရယူရန်