ဂုတ်တွင်းတံတား ၂၀-၈-၂၀၁၉ ရက်နေ့ ဖွင့်လှစ်နိုင်မည်

အသိပေးကြေညာချက် Tuesday, 20 August 2019 00:00
Rate this item
(0 votes)

ဂုတ်တွင်းတံတား (၂၀-၈-၂၀၁၉)ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြိုးစားဆောင်ရွက်

(၁၅-၈-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဂုတ်တွင်းတံတားသည် ဗုံးခွဲ ဖျက်ဆီးခြင်း ခံခဲ့ရပါသည်။ (၁၆-၈-၂၀၁၉)ရက်နေ့တွင် ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းများအား စတင် ဆောင်ရွက်ခဲ့ပါသည်။ ဘေလီသံဘောင်များ လုပ်ငန်းခွင်အရောက် သယ်ယူခြင်း နှင့် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် တပ်မတော်မှ မိုင်းရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ကြပါသည်။ (၁၇-၈-၂၀၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ဘေလီသံဘောင်များ စတင် တပ်ဆင်နိုင်ခဲ့ပါသည်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ၊ တိုင်းရင်းသား ဒေသခံပြည်သူများ ၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ မှ လုခြုံရေးတပ်ဖွဲ့ များ ၊ နယ်မြေခံ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၏ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်မှုများကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ လမ်း/တံတား အင်ဂျင်နီယာများ နှင့် ကျွမ်းကျင်လုပ်သား(၂၀၀)ကျော် တို့သည် နေ့/ည မပြတ် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြပါသည်။ ယနေ့ (၁၉-၈-၂၀၁၉)ရက်နေ့ ည (၂၁:၀၀)နာရီအချိန်တွင် (၃)လွှာ တစ်ထပ် နှစ်လမ်းသွား ဘေလီတံတား အရှည် (၂၁၀ ပေ) ထိုးပြီး ဖြစ်ကာ သံပြားကြမ်းခင်းများ ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီ ဖြစ်ပြီး တံတားအတက်အဆင်း ချဉ်းကပ်လမ်း နှစ်ဘက်စလုံးကိုလည်း တစ်ပြိုင်နက်တည်း ဆောက်ရွက်နေပြီ ဖြစ်ပါသည်။ (၂၀-၈-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် အိမ်စီးကားငယ်များနှင့် ကုန်ကားကြီးများ (ယာဉ်+ကုန်=၃၆တန်) ဖြတ်သန်းနိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေး အပ်ပါသည်။

Read 118 times

နေ့စဉ်သတင်းစာများရယူရန်