ဂုတ်တွင်းတံတား ဖြတ်သန်းရန် အသိပေးချက်

အသိပေးကြေညာချက် Tuesday, 20 August 2019 00:00
Rate this item
(0 votes)

ဂုတ်တွင်း ယာယီဘေလီတံတားတွင် ယနေ့ နေ့ခင်း(၁၃:၀၀)အချိန်မှ စတင်၍ အိမ်စီးယာဉ်ငယ်များ ၊ ကုန်ကားလတ်များ အား နောင်ချို ဘက်မှ ကျောက်မဲ ဘက်သို့  ဖြတ်သန်းခွင့်ပြုလျက် ရှိပါသည်။ ကျောက်မဲ ဘက်မှ လူစီးယာဉ်ငယ်နှင့် ကုန်ကားလတ် အချို့ ဖြတ်သန်းပြီးပါက တံတား ကြံ့ခိုင်မှုအတွက် ဘေလီသံဘောင် ချုပ်တန်းများ နှင့် အထိုင်များ ပြန်လည် စစ်ဆေးရန် တံတား အား ခေတ္တပိတ်မည် ဖြစ်ပါသည်။ တံတား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ပြီးပါက ယနေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များ အား ပြန်လည် ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ (၂၀-၈-၂၀၁၉)

Read 353 times

နေ့စဉ်သတင်းစာများရယူရန်