ညောင်ဝန်းတံတား ဘေလီအစားထိုးခြင်း

အသိပေးကြေညာချက် Monday, 09 September 2019 00:00
Rate this item
(0 votes)

ပြည်- ပေါက်ခေါင်း- အုတ်တွင်း လမ်း မိုင်တိုင် (၃၈/၁-၂)ကြား အရှည်(၁၉၀ ပေ)ရှိ ညောင်ဝန်းတံတား သည် (၃၁-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ ရုတ်တရက်ကျလာပြီး မျောပါတိုက်ချမှုကြောင့် ပြုတ်ကျသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန နှင့် တံတားဦးစီးဌာန အဖွဲ့များက အစားထိုး တည်ဆောက်ခြင်း လုပ်ငန်းများ ချက်ချင်းဆောင်ရွက်ခဲ့ရာ (၆-၉-၂၀၁၉)ရက်နေ့ နံနက် (၀၇:၃၀)အချိန်တွင်  တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Read 108 times