အသိပေး ကြေညာချက်
Thursday, 29 August 2019 00:00ယနေ့နံနက် (၁၀း၃၀)နာရီအချိန်တွင် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင်အမှတ် (၁၇/၅ - ၁၇/၆) အတွင်းရှိ အရှည် (၂၀)ပေ တံတား၏ ကမ်းကပ်ခုံ မှာ အက်ကွဲ နိမ့်ကျသွားပါသဖြင့် အတက်ကား ယာဉ်ကြီးများအတွက် ယခင် က လမ်းကြောင်းပေးထားသည့် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် လမ်းအစား သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန် ၊ အဆင်းကားများ အနေဖြင့် ကျားကလေး - ဇာသပြင် - အိန္ဒု - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန် တို့ကို အသိပေး ကြေညာအပ်ပါသည်။
မှတ်ချက်။ အိန္ဒု - နောင်လုံ ကြားရှိ မြပြည်တံတားမှာ အရေးပေါ် တည်ဆောက်ထားသော ဘေလီတံတားဖြစ်သည့်အတွက် ယာယီအနေဖြင့် ၁၂ ဘီးတပ်ယာဉ်နှင့် (ယာဉ်+ကုန် = ၂၅ တန်) ယာဉ်များသာ ခွင့်ပြုထားပါသည်။ အဆိုပါ တံတားအား (ယာဉ်+ကုန် = ၄၈ တန်) ခံနိုင်စေရန် တံတားအထူးအဖွဲ့ က ဆက်လက်ဆောင်ရွက်ပြီးမှသာ (ယာဉ်+ကုန် = ၂၅ တန်)အထက် ယာဉ်များကို ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါသည်။
မော်တော်ယာဉ်များ အနေဖြင့် သတ်မှတ်တန်ချိန်အတိုင်းသာ တင်ဆောင်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။
(လမ်းဦးစီးဌာန ၊ ကရင်ပြည်နယ်)
အသိပေးကြေညာချက်
Monday, 26 August 2019 00:00အိန္ဒု - ကော့ကရိတ် လမ်းအပိုင်း
ယာဉ်ကြောပိတ်ဆို့မှု အခြေအနေအား
ဖြေရှင်းနိုင်ရန် အတွက်
ယာဉ်ကြီး / ယာဉ်ငယ်များ အနေဖြင့်
ယာယီ အရေးပေါ် အစီအစဉ်အရ
မြေပုံတွင် ဖော်ပြထားသည့်
သတ်မှတ် လမ်းညွှန်ထားသော
လမ်းအူကြောင်း အတိုင်း
သွားရောက်မည့် ခရီးစဉ်အား
စည်းကမ်းတကျ လိုက်နာမောင်းနှင်ပေးကြပါရန်
မေတ္တာရပ်ခံ အသိပေး အပ်ပါသည်။
(လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်)