ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကျော်လင်း သည် အဆောက်အဦဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆောက်အဦ အထူးအဖွဲ့(၂)က တာဝန်ယူ တည်ဆောက်နေသည့် နေပြည်တော်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး။ (၁၈-၄-၂၀၁၉)


           ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၉)ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာသူများ လက်ခံသည့် ကြားစခန်းအဖြစ် ဆောင်ရွက်မည့် မောင်တောဒေသရှိ လှဖိုးခေါင်စခန်း ယာယီအဆောက်အဦများ (၂၅-၂-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး အမိုးပျက်စီး အဆောက်အဦ(၂)လုံး၊ ဘေးအကာနှင့် တံခါးများ ပျက်စီးမှု (၁၃၄)လုံး၊ အိမ်သာပျက်စီး (၆၆)လုံး တို့အား ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဆောက်လုပ်ထားသည့် Assemble Board House များ အခြေအနေနှင့် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Assemble Board House အလုံး(၁၀၀၀) သိုလှောင်ထားရှိမှု၊ ဆောက်လုပ်မည့်နေရာ/ အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် UEHRD အစီအစဉ်ဖြင့် တည်ဆောက်နေသည့် အိမ်ရာများ၊ ဂျပန်နိုင်ငံမှ လှူဒါန်းဆောက်လုပ်သည့် အိမ်ရာ(၅၁)လုံး၏ ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် လမ်းအထူးအဖွဲ့(၁၇)က တာဝန်ယူဆောင်ရွက်နေသော ကြိမ်ချောင်း - ဂုပ္ပိလမ်း (မေယုတောင်ကျော်လမ်း)အား ကြည့်ရှုစစ်ဆေးပြီး မောင်တော - ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ ဗန္ဓုလ လမ်းအား လမ်းဦးစီးဌာန၊ မောင်တောခရိုင် က တာဝန်ယူ၍ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်း လပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။


Page 1 of 2

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း