ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် IFC တို့ ပူးပေါင်း၍ ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို (၁၃-၁၁-၂၀၁၈)ရက် နေ့လည်(၁၄း၀၀)အချိန်တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ IFC မှ ကိုယ်စားလှယ်များနှင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။



============================================================================================================================
ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး Public Private Partnership(PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံလမ်းစီမံကိန်း (YEX) Project Phase I အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (Prequalification Application) - (၁၂)စောင် လက်ခံရရှိခဲ့ပါသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း(YEX) အပိုင်း(၁)အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ တင်သွင်းရန် သတ်မှတ်ထားသော နောက်ဆုံးရက်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ လ ၁၃ ရက်၊ (၁၄း၀၀)အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ကြိုတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Ministry of Construction Receives 12 Prequalification Applications for the Yangon Elevated Expressway Project (YEX) Phase 1 Public Private Partnership (PPP) Project
=============================================================================================================================
Ministry of Construction is publicly announcing the list of companies that submitted their Prequalification Applications for the Yangon Elevated Expressway Phase 1 PPP project. The deadline for submission of Prequalification Applications was 14:00 (Myanmar time) on November 13, 2018. 
Ministry of Construction will evaluate the twelve submissions against the criteria and requirements in the Request for Qualification (RFQ), and is planning to announce the list of Prequalified Bidders by the end of November 2018. The companies submitting Prequalification Applications are as follows:


ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါအကြို ညှိနှိုင်းဆွေးနွေးရှင်းလင်းခြင်း အခမ်းအနားကို တင်ဒါကော်မတီဥက္ကဌ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်း၊ တင်ဒါကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးဇော်ထွန်း (လမ်းဦးစီးဌာန) နှင့် တင်ဒါကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ လျောက်လွှာပါ လိုက်နာရမည့် စည်းကမ်းချက်များ၊ သိလိုသည်များ ဆွေးနွေးညှိနှိုင်းခြင်းကို ပဲခူးမြို့ မြို့တော်ခန်းမ တွင် (၉-၁၁-၂၀၁၈)ရက် နံနက် (၁၀:၀၀)နာရီ အချိန် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


ထိုင်းနိုင်ငံ၊ ထီးခီးနယ်စပ် မှ ထားဝယ် ရေနက်ဆိပ်ကမ်း Dawei SEZ သို့ (၂)လမ်းသွား နိုင်လွန်ကတ္တရာလမ်း ဖောက်လုပ်ရန် ထိုင်းနိုင်ငံ ၊ NEDA အဖွဲ့က FS ပြုလုပ်ခြင်းအတွက် Technical Assistance ဆောင်ရွက်ရန် ROD လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်။ (၁-၁၁-၂၀၁၈)

 


ပုသိမ်တံတား အမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနား အား (၂၇-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်။


ရွှေသောင်ယံတံတား (မကျီးချောင်း) ဖွင့်ပွဲ အခမ်းအနားကို (၂၈-၁၀-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ် ။


မင်းဘူး - ပဒါန်း - အမ်း လမ်းပိုင်းလမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ။
(၁၉-၁၀-၂၀၁၈)၊ လမ်းအထူးအဖွဲ့(၁၁)


Page 1 of 21