ဒေါနိုးကူးတံတား ဖွင့်ပွဲ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်း ဘီလူးချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် ဒေါနိုးကူးတံတား ဖွင့်ပွဲအား (၁-၇-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။