မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး - လားရှိုးလမ်းမကြီးဘေးရှိ မြေဧက(၁၀၀၀၀)ခန့်ပေါ်တွင် လူမှုစီးပွားရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသော အပန်းဖြေဝန်ဆောင်မှုဖြစ်သည့် New Mandalay Resort City စီမံကိန်းနှင့် စပ်လျဉ်း၍ Feasibility Study ကို Surbana Jurong International Consultants Co.,Ltd မှ ရှင်းလင်းသည့် ညှိနှိုင်းဆွေးပွဲကို (၂၈-၁-၂၀၁၉)ရက် (၁၄း၀၀)အချိန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။ အဆိုပါ အစည်းအဝေးသို့ စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကော်မတီဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်၊ လပွတ္တာ - မြောင်းမြ - အိမ်မဲ - ကျောင်းကုန်း - ကျုံပျော် လမ်း၊ ရွေးမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် မြောင်းမြ တံတားသစ် သံပေါင်တင်၊ နောက်ဆုံးအစိတ်အပိုင်း တပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်၊ နံနက်(၀၇:၀၀)အချိန် တံတားတည်ဆောက်ရေး လုပ်ငန်းခွင် မြောင်းမြဘက်ကမ်း၌ ကျင်းပပြုလုပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။ ယခုတည်ဆောက်သည့် မြောင်းမြတံတားသစ် အား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဆက်စပ်ထူထောင်ထားသော J&M Steel Solution က အသေးစိတ်ဒီဇိုင်းရေးဆွဲ၍ သံပေါင်များ ထုတ်လုပ်ပေးပြီး ပင်မတံတားအပိုင်းအား ခေတ်မီနည်းပညာသစ် Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားပါသည်။ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)က တာဝန်ယူ၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မတ်လ အကုန် အပြီးတည်ဆောက်မည်လျက်ရှိရာ မကြာမီကာလတွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခေတ်မီ ခန့်ညား ခိုင်ခံ့လှပသော တံတားတစ်စင်း ပေါ်ထွန်းလာတော့မည် ဖြစ်ပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဝဲ/ယာ မိုင်တိုင်အမှတ် (၃/၀)နှင့် (၅/၄)ကြား Eco – Green City စီမံကိန်းသို့ ရောက်ရှိပါသည်။ စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းဆောင်ရွက်မည့် အခြေအနေ၊ မျှော်မှန်းချက်၊ မြေအသုံးချမှု အစီအမံများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီး က Eco – Green City စီမံကိန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့အဝင်တွင် တည်ရှိသည့်အတွက် လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပြီး စီမံကိန်းဧရိယာအတွင်း ကြည့်ရှုစစ်ဆေးပါသည်။ Eco – Green City စီမံကိန်းကို အပိုင်း(၃)ပိုင်း သတ်မှတ်ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းမျှော်မှန်းချက် အနေဖြင့် JICA ရေးဆွဲခဲ့သည့် Yangon Vision 2040 တွင် ပါဝင်သည့် အနာဂတ်မြို့သစ် စီမံကိန်း တစ်ခု အကောင်အထည်ဖော်ရန်၊ ဝင်ငွေနည်း ပြည်သူများအတွက် လိုအပ်သည့် အငှားအိမ်ရာများ၊ တန်ဖိုးနည်း အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ လူမှုဘဝ မြင့်မားလာစေရန် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော် အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၃၇/၁)ရှိ စစ်ပင်ဆိပ်တံတား (အသွား/အပြန်)၏ တံတားတိုင်များ ရေတိုက်စားမှုအား ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တံတားများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားပါသည်။ တံတားဦးစီးဌာန၊ တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၉) က မိုင်တိုင်အမှတ် (၁၄၅/၀)ရှိ ခပေါင်းတံတား အား Pilot Canal တူးဖော်ခြင်း၊ ကမ်းပြိုကာကွယ်ခြင်းနှင့် တံတား အထက်/အောက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ တံတား တည်ဆောက်ရေးအဖွဲ့(၃) က မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ ဆွာချောင်းတံတား ရေတိုက်စား၍ Settlement ဖြစ်သွားသော Pier No. 5, 6, 7 တို့အား Bored Pile တူး၊ အားဖြည့်ခြင်း၊ နိမ့်ဆင်းသွားသော ကြမ်းခင်းနှင့် ယက်မများကို ပြန်လည် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။ (၆-၁-၂၀၁၉)


ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် - ရပ်စောက် - အင်တော - ကျောက်ဂူ - နောင်ချို လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား တောင်ကြီးခရိုင်၊ လမ်းဦးစီးဌာနက ဆောင်ရွက်နေမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး။ (၆-၁-၂၀၁၉)


တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူ ဆောင်ရွက်သော လပွတ္တာ(ပင်လယ်လေး)တံတား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း၏ ပင်မတံတား ဘေလီသံပေါင်များ ဖြုတ်သိမ်းခြင်းလုပ်ငန်းတွင် စုစုပေါင်းအရှည် (၆၀၀ ပေ) ရှိသည့်အနက် လပွတ္တာဘက်ကမ်းတွင် (၂၆၀ပေ)၊ မြောင်းမြဘက်ကမ်းတွင် (၂၄၀ ပေ) ဖြုတ်သိမ်းပြီးစီးပြီးဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများအား အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများဖြင့် စနစ်တကျ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။


မုဒုံ - မြဝတီလမ်း (မဲသရော - လှိုင်ကွယ် အပိုင်း)လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး နှင့်အဖွဲ့မှ  ကြည့်ရှုစစ်ဆေး။(၂၈-၁၂-၂၀၁၈)


Invitation for Prequalification

Friday, 28 December 2018 00:00

Page 2 of 24

နေ့စဉ်သတင်းစာများရယူရန်