ဇူလိုင်လ၂၇ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်-မိုင်းခုတ်ကားလမ်း19km မှ 55km အတွင်းတွင် နေရာတော်တော်များများ  တောင်ပြိုလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပါသဖြင့် မိုင်းဆတ်ခရိုင်၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ ဦးဆောင်၍ စက်အင်အား၊လူအင်အားများ အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၈ရက်နေ့နေ့လည်၁၂း၀၀ ခန့် အချိန်တွင် ကားလမ်းတကြောင်း ထိုးပွင့်ကာယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်၊

စက်ယာဉ်ယန္တရားအင်အားများ နောက်ထပ်တိုး၍ တောင်ပြိုမြေများ ကုန်စင်ရှင်းလင်းရေးနှင့် မိုးဆက်လက်ရွာသွန်းမှုကြောင့် ထပ်မံမြေပြိုကျမှုများအား အချိန်နှင့်တပြေးညီ ဖယ်ရှားရှင်းလင်းလျက်ရှိပါသည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျိုင်းမြစ် ရေတက်လာပါသဖြင့် ဂျိုင်း(ကော့ကရိတ်)ကြိုးတံတား ဘေးရှိ Pontoon တံတား အတက်အဆင်းမှာ မြင့်တက်လာပါကာ အချို့လူစီးယာဉ်များ အတက်အဆင်း ခက်ခဲနေပါသည်။

သို့ဖြစ်ပါ၍ လူစီးယာဉ်(Expresses)များ အနေဖြင့် (ယာဉ်+ကုန်) ၁၃ တန်ချိန်ပြီး တင်ဆောင်လာပါက ကြိုးတံတားပေါ်မှ ခရီးသည်များ လမ်းဆင်းလျှောက်သောစနစ်ဖြင့် ယာဉ်များအား ဖြတ်သန်းခွင့် ပြုထားပါသည်။

တာဝန်ရှိသူများမှ ကြိုးတံတားပေါ် ဖြတ်သန်းမည့်ယာဉ်များအား ကတ္တားပေါ်တက်စေပြီး တိုင်းတာစစ်ဆေးပေးလျှက် ရှိပါကြောင်း သိရှိနိုင်ရန် နှိုးဆော်အပ်ပါသည်။

(၂၃-၇-၂၀၁၈၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်)


Page 8 of 10

နေ့စဉ်သတင်းစာများရယူရန်