မိုးရာသီကာလ လမ်းပျက်စီးမှုအခြေအနေများ ကြည့်ရှု့စစ်ဆေး
Monday, 23 July 2018 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်များ နှင့်အတူ (၂၂-၇-၂၀၁၈)ရက်နေ့တွင် JICA ချေးငွေအထောက်အပံ့ ဂျပန်ယန်း (၄၆၁၃)သန်းဖြင့် ဆောင်ရွက်မည့် သန်လျင်တံတားအမှတ်(၁)မှ သီလဝါစက်မှုဇုန်ထိ လေးလမ်းသွား လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် သန်လျင်တံတား ချဉ်းကပ်လမ်း မိုးရာသီကာလ ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်
သန်လျင်တံတားအမှတ်(၁)မှ သီလဝါစက်မှုဇုန်ထိ လေးလမ်းသွား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် အရှည်(၈.၇)ကီလိုမီတာ ရှိကာ (၄/၂၀၁၈)တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အပြီး ဆောင်ရွက်မည် ဖြစ်ပါသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုးတွင်းကာလ လမ်းပေါက်နေရာများကို Water Bound များဖြင့် လည်းကောင်း၊ ကတ္တရာယိုများဖြင့် လည်းကောင်း ပြုပြင်ရန်နှင့် ပျက်စီးမှုများသော သန်လျင်တံတားထိပ်မှ မီးပွိုင့်လမ်းဆုံထိပ်ထိ လမ်းပိုင်းနေရာအား ကတ္တရကွန်ကရစ်ခင်းခြင်းကို တစ်ပတ်အတွင်း အမြန်ဆုံး ဆောက်ရွက်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် BOT စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန် - ပုသိမ် လမ်း မိုးရာသီအတွင်း လမ်းပျက်စီးမှုနှင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ဆက်လက်ကြည့်ရှု စစ်ဆေးပါသည်။

Published in ဆောင်ရွက်မှုသတင်းများ
ထီလုံ - တာပေါင် - ပတ - နဘူးလမ်း အခြေအနေ
Monday, 23 July 2018 00:00
Published in ဆောင်ရွက်မှုသတင်းများ