ပုသိမ်-မုံရွာလမ်း ယာယီဘေလီတံတား တည်ဆောက်မှု

(၁၂-၆-၂၀၁၈)ရက်နေ့ မုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပုသိမ် - မုံရွာ လမ်းအပိုင်း မိုင်တိုင် ၃၁၁/၃ နှင့် ၃၁၁/၄ ကြားရှိ (၈)ပေအကျယ် Box Culvert (၃/၃၁၂)မှာ ရေစီးဒဏ်ကြောင့် ပြိုကျပျက်စီးကာ ပေ(၆၀)ခန့် လမ်းတာဘောင် ပြတ်သွားခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရပါသည်။

အဆိုပါ လမ်းတာဘောင် ပြတ်တောက်သည့် နေရာတွင် အရှည် (၉၀)ပေ ဘေလီတံတား ယာယီတည်ဆောက်မှုအား ချက်ချင်းဆောင်ရွက်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။

နေ့စဉ်သတင်းစာများရယူရန်