မြဝတီ-ကော့ကရိတ်လမ်း တောင်မြေပြိုမှု ရှင်းလင်းဆောင်ရွက်

မြဝတီ - ကော့ကရိတ်လမ်း 154 km တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၉-၇-၂၀၁၈)ရက်နေ့ နံနက် (၀၄:၃၀)အချိန် တောင်မြေ စတင်ပြိုပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ ရသော်လည်း နံနက် (၀၈:၀၀)အချိန် တောင်မြေ ထပ်မံ ပြိုကျသဖြင့် ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါသည်။ တောင်ပြိုမြေများ ရှင်းလင်းခြင်း လုပ်ငန်းအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ကြီးကြပ်မှုဖြင့် ချက်ချင်းဆောင်ရွက်ခဲ့ပြီး နေ့လည် (၁၂:၀၀)အချိန်တွင် မော်တော်ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်းသွားနိုင်ကာ ည (၁၉:၀၀)အချိန်တွင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခွင့်ပြုခဲ့ပါသည်။ ဖြတ်သန်းမည့် မော်တော်ယာဉ် များပြားသည့်အတွက် အသွားအပြန် ယာဉ်များကို ထိန်းပြီး ဖြတ်သန်းစေခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။

နေ့စဉ်သတင်းစာများရယူရန်