ကော့ကျိုက်-ဇာသပြင်လမ်း ဘေလီတံတားထိုးခြင်း

(၂၉-၈-၂၀၁၉)ရက် နံနက်(၁၀:၃၀)အချိန်တွင် ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း)ရှိ အရှည် (၂၀)ပေ တံတားမှာ ကမ်းကပ်ခုံ နိမ့်ကျသွားပါသဖြင့် အရှည် (၄၀)ပေ ဘေလီသံဘောင်တံတား အစားထိုး တည်ဆောက်ခြင်းလုပ်ငန်းအား ချက်ချင်း ဆောင်ရွက်ခဲ့ရာ (၃၀-၈-၂၀၁၉)ရက် ည(၂၂:၃၀)အချိန်တွင် တည်ဆောက်ပြီးစီးပြီ ဖြစ်ပါသဖြင့် မြေပုံ ဖော်ပြပါ လမ်းကြောင်းအတိုင်း သွားလာနိုင်ပြီ ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ (လမ်းဦးစီးဌာန ၊ ကရင်ပြည်နယ်)