မိုင်တိုင်(၈၀/၂) တောင်ပြိုသည့် နေရာတွင် တပ်ဆင်ထားသော ယာယီ ဘေလီတံတား အား မွမ်းမံခြင်း (Strengthening) လုပ်ငန်းများ

ရေး - ထားဝယ် - မြိတ် လမ်း မလွဲတောင် အပိုင်း မိုင်တိုင်(၈၀/၂) တောင်ပြိုသည့် နေရာတွင် တပ်ဆင်ထားသော ယာယီ ဘေလီတံတား အား လက်ရှိ (၂၄)တန်မှ (၄၈)တန်ထိ ခံနိုင်ရည်ရှိအောင် တံတားတည်ဆောက်ရေးအဖွဲ့(၄) က မွမ်းမံခြင်း (Strengthening) လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။