ရန်ကုန် တောင်ပိုင်းခရိုင် လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Monday, 25 September 2017 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းတိုးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ လမ်းတံတား လုပ်ငန်းအခြေအနေများ ကြည့်ရှုစစ်ဆေး။ (၂၃-၉-၂၀၁၇)
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ကြည့်ရှုစစ်ဆေး
Thursday, 21 September 2017 00:00မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ကချင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့မှ ပူတာအို ထိ မော်တော်ယာဉ်ငယ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြား။ (၁၉-၉-၂၀၁၇)
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လိုအပ်သော သံချောင်းလုံး (Reinforced Steel Bar) အရွယ်စုံ မက်ထရစ်တန်(၄၀၀၀)ကို ရန်ကုန်မြို့ရှိ တံတားလေး သိုလှောင်ဝန်းအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါကြောင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Wednesday, 20 September 2017 00:00အိန္ဒု-ကော့ကရိတ်လမ်း မြေယာလျော်ကြေးကိစ္စ တွေ့ဆုံဆွေးနွေး
Wednesday, 20 September 2017 00:00ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လျှပ်စစ်နှင့်စက်မှု ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး တို့ဦးဆောင်သော မြေယာလျော်ကြေး ကြီးကြပ်မှု ကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (PMU) အဖွဲ့၊ ADB အဖွဲ့၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများ တို့သည် အိန္ဒု - ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ထိခိုက်နစ်နာမှုလျော်ကြေး အမြန်ဆုံးပေးချေနိုင်ရေးအတွက် ထိခိုက်နစ်နာသူများနှင့် တွေ့ဆုံဆွေးနွေး။ (၁၈-၉-၂၀၁၇)
သင်တန်းဆင်းအရာထမ်း(၇၉)ဦးနှင့် တွေ့ဆုံမိတ်ဆက်
Wednesday, 20 September 2017 00:00အရာထမ်းလောင်း အခြေခံသင်တန်း ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) မှ သင်တန်းဆင်း ရောက်ရှိလာသည့် အရာထမ်း (၇၉)ဦးအား တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားသို့
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ဝန်ကြီးရုံး၊ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မူဝါဒ ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားကာ သင်တန်းဆင်း ရောက်ရှိလာသည့် အရာထမ်းများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ဦးစီးဌာနအလိုက် တာဝန်ရှိသူများက လမ်းညွှန်မှာကြားပါသည်။
(၁၈-၉-၂၀၁၇)
ဘားအံမြို့အဝင် လမ်းချဲ့ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Wednesday, 20 September 2017 00:00ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့အဝင် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ကန်သာယာ ရေပေါ်Stage တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး။ (၁၆-၉-၂၀၁၇)
သံဖြူဇရပ်-ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်း ကြည့်ရှုစစ်ဆေး
Wednesday, 20 September 2017 00:00သံဖြူဇရပ် - ဘုရားသုံးဆူ - ကြာအင်းဆိပ်ကြီး လမ်း အဆင့်မြှင့်တင်ခြင်း လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး (၁၇-၉-၂၀၁၇)
မြေယာလျော်ကြေးကိစ္စ အမြန်ဆက်သွယ်နိုင်ပါရန်
Wednesday, 20 September 2017 00:00ကရင်ပြည်နယ် အတွင်းရှိ ADB ချေးငွေဖြင့် ဆောင်ရွက်သော အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများအား လျော်ကြေးပေးနိုင်ရန် ဆောင်ရွက်ရာတွင် အောက်ဖေါ်ပြပါ ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ခြင်းမရှိ ဖြစ်နေပါသည် -
(၁) ဦးလှာကပေါ် ခရဲကမ်းနားရွာ ဘားအံမြို့နယ်
(၂) ဦးဝင်းကြည် ခရဲကမ်းနားရွာ ဘားအံမြို့နယ်
(၃) ဒေါ်ထွေးကြည် ခရဲကမ်းနားရွာ ဘားအံမြို့နယ်
(၄) ဦးစောဒွေးအောင် ခရဲကမ်းနားရွာ ဘားအံမြို့နယ်
(၅) ဦးအောင်မွှေး(လှသိန်း) ခရဲကမ်းနားရွာ ဘားအံမြို့နယ်
(၆) ဒေါ်နီနီထွေး ကျုံစောင့်ရွာ ဘားအံမြို့နယ်
(၇) ဦးရွှေမြင့် ကျုံဒိုး ကော့ကရိတ်မြို့နယ်
(၈) ဦးကိုကိုကြီး တံတားကျိုးရွာ ကော့ကရိတ်မြို့နယ်
သို့ဖြစ်ပါ၍ လျော်ကြေးပေးအပ်ခြင်း ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အဆိုပါပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များအနေဖြင့် အိန္ဒုကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၏ Hotline ဖုန်း ၀၉-၇၇၀၀၀၆၃၈၀ သို့ အမြန်ဆုံးဆက်သွယ်ရန် (သို့မဟုတ်) လမ်းဦးစီးဌာန၊ ဘားအံခရိုင် (သို့မဟုတ်) လမ်းဦးစီးဌာန ၊ ကော့ကရိတ်ခရိုင် ရုံးများသို့ အမြန်ဆုံး လာရောက်ဆက်သွယ်ပါရန် အကြောင်းကြားပါသည်။
အိန္ဒုကော့ကရိတ်လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း
စီမံကိန်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့(PMU)
ဆောက်လုပ်ရေးဝန်ကြီးဌာန (၁၃၁)နှစ်ပြည့် အခမ်းအနားကျင်းပရေးကိစ္စနှင့် ပတ်သက်၍ ဖိတ်ကြားမည့် ပုဂ္ဂိုလ်များ၏ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ ပေးပို့နိုင်ရေး အသိပေးကြေညာခြင်း
Thursday, 07 September 2017 00:00၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ Public Works Department ကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း(၁၃၁)နှစ် ပြည့်ပြီးသွားပြီ ဖြစ်ပါသည်။ [၁၈၈၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့စဉ်က လမ်းတံတားဌာန၊ အဆောက်အဦဌာန၊ အိုးအိမ်ဌာန၊ ဆည်မြောင်းဌာန၊ ရေလမ်းထိန်းသိမ်းရေးဌာနတို့ ပါဝင်ခဲ့သော်လည်း ၁၉၂၂ ခုနှစ်၊ ဒိုင်အာခီအုပ်ချုပ်ရေးတွင် ဆည်မြောင်းဌာနနှင့် ရေလမ်းထိန်းသိမ်းရေးဌာနတို့ ခွဲထွက်သွားခဲ့ပါသည်။] လာမည့် နိုဝင်ဘာ လတွင် ပြည်သူ့ဆောက်လုပ်ရေး နှစ်(၁၃၁)နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အောက်ပါ Activities များ ပါဝင်ပါမည်-
၁။ လမ်းဌာန ပြခန်း
၂။ တံတားဌာန ပြခန်း
၃။ အဆောက်အဦဌာန ပြခန်း
၎။ အိုးအိမ် ပြခန်း
၅။ ၁၈၈၆ မှ ၂၀၁၇ ခုနှစ်အတွင်း ဌာနတွင် တာဝန်ထမ်းဆောင်ရင်း အာကစား ကဏ္ဍတွင် နိုင်ငံအတွက် ရွှေတံဆိပ်များ ရယူပေးခဲ့သော သူများပြခန်း [ဥပမာ - မာမာမင်း၊ မပေါရွှေ၊ မအေးရွှေ (ပြေးခုန်ပစ်)၊ နေ၀င်းမြင့် (ဂေါက်သီး)၊ သန်းတိုးအောင် (ဘောလုံး)နှင့် ဂျနီဖာတင်လေး (သံလုံးပစ်) စသည်ဖြင့်]
၆။ ၁၈၈၆ ခုနှစ်မှ ၂၀၁၇ အတွင်းဌာနတာဝန်ထမ်းဆောင်ရင်း အနုပညာကဏ္ဍတွင် အောင်မြင် ကျော်ကြားသူများ ပြခန်း [ ဥပမာ - လှမြင့်ဝင်း (အဆိုတော်) ၊ မြင့်မိုရ်ဆွေ (စာရေးဆရာ) ၊ ဇော်ဝင်းမောင် (စန္ဒာဦးအငြိမ့်)၊ အမျိုးသားစာပေ ဆုရ လှိုင်သင်း နှင့် အမျိုးသားစာပေဆုရ စလင်းဖုန်းကျော် ]
၇။ အငြိမ်းစားဝန်ထမ်းများ၏ စကားဝိုင်း [စင်မြင့်ပေါ်တွင်] (လမ်းကဏ္ဍ)၊ (တံတား ကဏ္ဍ)၊ (အဆောက်အဦကဏ္ဍ)၊ (အိုးအိမ်ကဏ္ဍ)၊ (Celebrities များ စုပေါင်း ကဏ္ဍ)
၈။ ဆောက်လုပ်ရေးလုပ်ငန်းကြီးများ၏ ဗီဒီယိုဇာတ်ကားတိုလေးများ ပြသခြင်း။
၉။ အသက် (၈၀)အထက် အငြိမ်းစား အင်ဂျင်နီယာကြီးများအား ဂါရ၀ပြုခြင်း။
၁၀။ နှစ် (၁၃၁)နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း။
ထိုအခမ်းအနားကြီးတွင် ပါဝင်ပြသနိုင်ရန်အတွက် အောက်ပါအချက်များတွင် အကျုံးဝင် သော ပုဂ္ဂိုလ်များ၏ အချက်အလက် [ဓါတ်ပုံ၊ ဖုန်းနံပါတ်၊ ဆက်သွယ်ရန်လိပ်စာ]များ လိုအပ်လျှက် ရှိပါသည် -
၁။ ၁၈၈၆ မှ ၂၀၁၇ အထိ ဌာန၏ ၀န်ကြီး၊ ဒုတိယ၀န်ကြီး တာဝန်ထမ်းဆောင် ခဲ့ကြသူများ၏ အမည်နှင့် ဓါတ်ပုံများ (အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၊ ၀န်ကြီးချုပ် ဦးနုတို့သည် ဤဌာနတွင် ဌာန၏ ၀န်ကြီးတာဝန် ထမ်းဆောင်ခဲ့ဘူး ပါသည်။)
၃။ ဌာနတာဝန်ထမ်းဆောင်ရင်း အနုပညာကဏ္ဍတွင် အောင်မြင်ကျော်ကြားခဲ့သူ များ၏ အမည်နှင့် ဓါတ်ပုံများ။
၎။ ဌာနတာဝန်ထမ်းဆောင်ရင်း အားကစားကဏ္ဍတွင် အောင်မြင်ကျော်ကြားခဲ့သူ များ၏ အမည်နှင့် ဓါတ်ပုံများ။
သို့ဖြစ်ပါ၍ ၄င်းပုဂ္ဂိုလ်များ ကိုယ်တိုင်မှဖြစ်စေ (သို့မဟုတ်) ၄င်းတို့၏ မိသားစုဝင်များမှ ဖြစ်စေ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အောက်ဖော်ပြပါ တာဝန်ခံအရာရှိထံသို့ လိုအပ်သည့် အချက်အလက်များအား ပေးပို့ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် -
ဆက်သွယ်နိုင်သည့် တာဝန်ခံအရာရှိ
ဒေါ်မြတ်သီရိအေး
ဒုတိယညွှန်ကြားရေးမှူး
၀၉၄၃၀၁၆၆၇၀
၀၆၇၄၀၇၅၉၁ ၊ ၀၆၇၄၀၇၀၆၅
department5.moc@gmail.com
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများစာရင်း
(၁) ဦးနု ၃-၅-၁၉၅၁ မှ ၁၁-၉-၁၉၅၁ အထိ
(၂) ဗိုလ်မင်းခေါင် ၁၂-၉-၁၉၅၁ မှ ၁၀-၃-၁၉၅၂ အထိ
(၃) ဦးရာရှစ် ၁၁-၃-၁၉၅၂ မှ ၄-၁၂-၁၉၅၄ အထိ
(၄) သခင်ချစ်မောင် ၅-၁၂-၁၉၅၄ မှ ၁၁-၆-၁၉၅၆ အထိ
(၅) ဦးအောင်ဖ ၁၂-၆-၁၉၅၆ မှ ၂၈-၂-၁၉၅၇ အထိ
(၆) သခင်တင်မောင် ၁-၃-၁၉၅၇ မှ ၂၈-၁၀-၁၉၅၈ အထိ
(၇) သရေစည်သူ ဦးကံညွန့် ၂၈-၁၀-၁၉၅၈ မှ ၂၆-၂-၁၉၅၉ အထိ
(၈) သီရိပျံချီ - ဦးထွန်းတင် ၂၇-၂-၁၉၅၉ မှ ၁၇-၅-၁၉၅၉ အထိ
(၉) ဗိုလ်မှူးချုပ် စည်သူတင်ဖေ ၁၈-၅-၁၉၅၉ မှ ၅-၄-၁၉၆၀ အထိ
(၁၀) သတိုးသီရိသုဓမ္မ ဗိုလ်မှူးအောင် ၆-၄-၁၉၆၀ မှ ၂၃-၄-၁၉၆၁ အထိ
(၁၁) ဝန်ကြီးချုပ် ဦးနု ၂၄-၄-၁၉၆၁ မှ ၁၀-၅-၁၉၆၁ အထိ
(၁၂) သတိုးသီရိသုဓမ္မ ဒေါက်တာအေးမောင် ၁၁-၅-၁၉၆၁ မှ ၁၇-၇-၁၉၆၁ အထိ
(၁၃) သတိုးမဟာသရေစည်သူ ဦးဇာရဲလျန် ၁၈-၇-၁၉၆၁ မှ ၁-၃-၁၉၆၂ အထိ
(၁၄) ဦးသီဟံ ၂-၃-၁၉၆၂ မှ ၁၆-၉-၁၉၆၄ အထိ
(၁၅) ဗိုလ်မှူးချုပ် စိန်ဝင်း ၁၇-၉-၁၉၆၄ မှ ၂၀-၄-၁၉၇၂ အထိ
(၁၆) ဦးစိန်ဝင်း ၂၁-၄-၁၉၇၂ မှ ၃-၃-၁၉၇၄ အထိ
(၁၇) ဦးထင်ကျော် ၄-၃-၁၉၇၄ မှ ၃-၃-၁၉၇၈ အထိ
(၁၈) ဗိုလ်မှူးချုပ် လှထွန်း ၄-၃-၁၉၇၈ မှ ၃-၁၀-၁၉၈၅ အထိ
(၁၉) ဗိုလ်ချုပ် မြင့်လွင် ၄-၁၁-၁၉၈၅ မှ ၁၈-၉-၁၉၈၈ အထိ
(၂၀) ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း(လေ) ၂၀-၉-၁၉၈၈ မှ ၉-၂-၁၉၈၉ အထိ
(၂၁) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ရဲကျော် ၂၀-၂-၁၉၈၉ မှ ၂၈-၁-၁၉၉၂ အထိ
(၂၂) ဦးခင်မောင်ရင် ၂၉-၁-၁၉၉၂ မှ ၁၅-၆-၁၉၉၅ အထိ
(၂၃) ဗိုလ်ချုပ် စောထွန်း ၁၆-၆-၁၉၉၅ မှ ၃-၂-၂၀၀၉ အထိ
(၂၄) ဗိုလ်ချုပ် ခင်မောင်မြင့် ၄-၂-၂၀၀၉ မှ ၃၀-၃-၂၀၁၁ အထိ
(၂၅) ဦးခင်မောင်မြင့် ၃၁-၃-၂၀၁၁ မှ ၂၈-၈-၂၀၁၂ အထိ
(၂၆) ဦးကျော်လွင် ၇-၉-၂၀၁၂ မှ ၃၀-၃-၂၀၁၆ အထိ
(၂၇) ဦးဝင်းခိုင် ၃၁-၃-၂၀၁၆ မှ ယနေ့အထိ
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဝန်ကြီးများ စာရင်း
(၁) ဦးထင်ကျော် ၁၉၇၂ မှ ၁၉၇၄ အထိ
(၂) ဦးလှတင့် ၁၉၇၄ မှ ၁၉၇၅ အထိ
(၃) ဦးအုန်းကျော် ၁၉၇၅
(၄) ဦးမြင့်အောင် ၁၉၇၅ မှ ၁၉၈၂ အထိ
(၅) ဦးဘိုဟန် ၁၉၈၂ မှ ၁၉၈၄ အထိ
(၆) ဦးကျင်လှိုင် ၁၉၈၄ မှ ၁၉၈၈ အထိ
(၇) ဗိုလ်မှူးကြီး အောင်စန်း ၁၉၉၄ မှ ၁၉၉၇ အထိ
(၈) ဗိုလ်မှူးချုပ် သူရအေးမြင့် ၁၉၉၇ မှ ၁၉၉၈ အထိ
(၉) ဦးတင့်ဆွေ ၁၉၉၈ မှ ၂၀၁၁ အထိ
(၁၀) ဗိုလ်မှူးချုပ် မြင့်သိန်း ၁၉၉၉ မှ ၂၀၁၁ အထိ
(၁၁) ဦးကျော်လွင် ၃၀.၃.၂၀၁၁ မှ ၆.၉.၂၀၁၂ အထိ
(၁၂) ဦးစိုးတင့် ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ အထိ
(၁၃) ဒေါက်တာ ဝင်းမြင့် ၂၉.၂.၂၀၁၃ မှ ၃၀.၃.၂၀၁၆ အထိ
(၁၄) ဦးကျော်လင်း ၅. ၆. ၂၀၁၇ မှ ယနေ့အထိ
ဆောက်လုပ်ရေးဝန်ကြီးဌာန Celebrity များထဲမှ စာရေးဆရာများ နှင့် ဂီတပညာရှင်များ
(၁) ဦးခင်မောင်မြင့်
ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ၊ (စာရေးဆရာ)ခင်မောင်မြင့် စစ်ကိုင်း
(၂) ဒေါက်တာ ဝင်းမြင့်
ဒုတိယဝန်ကြီး(ငြိမ်း) ၊ (စာရေးဆရာ)လှိုင်သင်း
(၃) ဦးကျော်လင်း
ဒုတိယဝန်ကြီး ၊ (စာရေးဆရာ) ကျော်လင်း(ဆောက်လုပ်ရေး)
(၄) ဦးမြင့်ဆွေ
ဒု-ညွှန်ကြားရေးမှူး(ငြိမ်း) ၊ (တေးရေး/တေးဆို) မြင့်မိုရ်ဆွေ
(၅) ဦးခင်မောင်မြင့်
အငယ်တန်းအင်ဂျင်နီယာ(၂) ၊ (စာရေးဆရာ) မာန်မြင့်
(၆) ဦးလှမြင့်ဝင်း
ဒု-အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ၊ (တေးရေး/တေးဆို) လှမြင့်ဝင်း
(၇) ဦးသန်းအေး
ညွှန်ကြားရေးမှူး ၊ (ကဗျာဆရာ) စလင်းဘုန်းကျော်
(၈) ဒေါ်ချိုဝေလွင်
ရိုးရာပန်းပညာရှင်(ငြိမ်း) ၊ (တေးဆို) ချိုဝေလွင်
(၉) ဦးရွှေဇင်
ညွှန်ကြားရေးမှူး(မြို့ပြ) ၊ (စာရေးဆရာ) ရွှေဇင်(ဆောက်လုပ်ရေး)
(၁၀) ဦးတင်ထွန်းဦး
အင်ဂျင်နီယာချုပ် ၊ (စာရေးဆရာ) တင်ထွန်းဦး(စီမံရေး)
(၁၁) ဒေါ်နုနု
အင်ဂျင်နီယာမှူးကြီး(ငြိမ်း) ၊ စိန်ဂျွန်းအမာတင် (ဘာသာပြန်)
(၁၂) ဒေါ်နီနီမာ
ဒုတိယအင်ဂျင်နီယာမှူးကြီး(ငြိမ်း) ၊ စုမိလဲ့(စာရေးဆရာမ)
(၁၃) ဒေါ်အေးသောင်း
ရုံးအုပ်(ငြိမ်း) ၊ မိုးညိုအေးအေးသောင်း (စာရေးဆရာမ)
(၁၄) ဦးဇော်ဝင်းမောင် ၊ စန္ဒာဦးအငြိမ့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရွှေတံဆိပ်ဆု ရရှိသော အားကစားသမားများစာရင်း
ပြေးခုန်ပစ်
၁။ ဂျနီဖာတင်လေး
၂။ ဂျင်မီခရမ်တန်
၃။ ဒေါ်ခင်ခင်ထွေး
၎။ ဒေါ်အေးရွှေ
၅။ ဦးသိန်းဝင်း(ခ)ဂိုပါလ်
၆။ ဒေါ်မြင့်မြင့်သန်း
၇။ ဒေါ်ပေါရွှေ
၈။ ဒေါ်နွဲ့နွဲ့ရီ
၉။ နိုရင်းပိန်
၁၀။ ဒေါ်သန်းသန်းဌေး
၁၁။ ဒေါ်ဝင်းဝင်း
၁၂။ ဒေါ်ခင်အုန်း
ဂျူဒို
၁။ ဒေါ်ခင်မူမူ
ဘောလုံး
၁။ ဦးအေးမောင်ကြီး
၂။ ဦးတင်ဟန်
၃။ ဦးမောင်မောင်
၎။ ဦးသန်းတိုးအောင်
၅။ ဦးစိုးမြင့်
၆။ ဦးစိုးမိုးကျော်
၇။ ဦးစိန်ဝင်းလေး
၈။ ဦးစံအေး
၉။ ဦးရဲထွန်း
၁၀။ ဦးတင်ရွှေ
ကညင်တန်း-အလယ်သံကျော်-အငူမော်လမ်း ပြုပြင်ဆောင်ရွက်ခြင်း
Thursday, 07 September 2017 00:00ရခိုင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှုး သည် မောင်တောခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကညင်တန်း - အလယ်သံကျော် - အငူမော်လမ်းအား ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး အချိန်နှင့်တပြေးညီ ဖြတ်သန်းသွားလာနိုင်ရေး လိုအပ်ချက်များ လမ်းညွှန်ဆောင်ရွက်။ ကညင်တန်း - အလယ်သံကျော် - အငူမော်လမ်း သည် ယခုအချိန်တွင် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါသည်။ (၅-၉-၂၀၁၇)