ဂုတ်ထိပ်တံတားတည်ဆောက်ခြင်း PPP စီမံကိန်းအတွက် စိတ်ဝင်စားမှုဖော်ပြချက်လျှောက်လွှာ လက်ခံရရှိမှုအခြေအနေ ထုတ်ပြန်ခြင်း
Wednesday, 20 November 2019 00:00ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တံတားဦးစီးဌာန က တာဝန်ယူဆောင်ရွက်မည့် ဂုတ်ထိပ်တံတား တည်ဆောက်ခြင်းနှင့် နောင်ချိုတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း PPP စီမံကိန်းအတွက် စိတ်ဝင်စားမှုလျှောက်လွှာ(EOI)ကို (၂၈-၁၀-၂၀၁၉)ရက်နေ့ နောက်ဆုံးပေးပို့ရန် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြော်ငြာခဲ့ပြီး အဆိုပါ နောက်ဆုံးရက် မတိုင်မီ စိတ်ဝင်စားမှုလျှောက်လွှာ(EOI) တင်သွင်းသောကုမ္ပဏီများ မရှိပါကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါသည်။
အသိပေးကြေညာချက်
Monday, 18 November 2019 00:00ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်တံတားအမှတ်(၁)တွင် Bearing နှင့် Expansion Joint လဲလှယ်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၇၅% ပြီးစီးပြီ ဖြစ်ပါသည်။ (၂၉-၁၁-၂၀၁၉)ရက် နေ့တွင် လုပ်ငန်းအားလုံးပြီးစီးပြီး (၃၀-၁၁-၂၀၁၉)ရက်နေ့ နံနက်တွင် Load Test ဆောင်ရွက်ကာ ယာဉ်များအား ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မော်တော်ယာဉ်များသည် (၃၀-၁၁-၂၀၁၉)ရက့် လည်ပိုင်းမှစ၍ အောက်ဖေါ်ပြပါ မူလယာဉ်လမ်းကြောင်းအတိုင်း သွားလာနိုင်ပါရန် အသိပေးအပ်ပါသည်။ တင်ဆောင်နိုင်သည့် တန်ချိန်မှာ ယခင်ခွင့်ပြုထားသည့်တန်ချိန်အတိုင်းသာ ဖြစ်ပါသည်။