အသိပေးကြေညာခြင်း

အသိပေးကြေညာချက် Wednesday, 29 August 2018 00:00
Rate this item
(0 votes)

၂၀၁၈ သြဂုတ်လ (၂၉) ရက် နံနက် (၇) နာရီခန့်မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော်လမ်းအပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/၀) ကြား(၄) ဖါလုံခန့်တွင် ဆွာချောင်းရေလှောင်တမံ ဘက်မှစီးဆင်းလာသော ရေများကြောင့် လမ်းပေါ် ရေ (၂) ပေခန့်ရေကျော်မှုဖြစ်ပေါ်ပြီး ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 7 နှင့် RP 5 တို့သည် တစ်ပေခွဲခန့်နိမ့်ကျသွားခဲ့ပါသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) တွင်လည်း အလားတူအချိန်ခန့်မှစပြီး ရေ (၄) ပေခန့်ကျော်လျှက်ရှိပါသည်၊အမြန်လမ်းရေကျော်မှု ဖြစ်ပွားချင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန၀န်ထမ်းများက အမြန်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျှက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသအာဏာပိုင်များကလာရောက်ကြီးကြပ်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအချိန်တွင် ၄င်းလမ်းအပိုင်း နေရာတစ်ဝိုက်အား ခေတ္တလမ်းပိတ်ထားပါကြောင်းအသိပေးအကြောင်းကြားပါသည်။

Read 676 times Last modified on Wednesday, 29 August 2018 08:37

နေ့စဉ်သတင်းစာများရယူရန်