အသိပေးကြေညာခြင်း
သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီ လမ်းသည် ဩဂုတ်လနှင့် စက်တင်ဘာလဆန်း တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒု နှင့်ကျားကလေး ကြားတွင် လမ်းပုခုံးများ နိမ့်ကျလာပြီး
ယာဉ်ကြီးများ ရှောင်တိမ်းသွားလာနိုင်ရန် ခက်ခဲသွားသဖြင့် အတက်လမ်း / အဆင်းလမ်းများ အရေးပေါ်သတ်မှတ်ကာ ဆောင်ရွက်ခဲ့ရပါသည်။
ယခုအခါ အဆိုပါ လမ်းပိုင်းအား CRBC လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းပုခုံးများအား ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသဖြင့် ယနေ့ (၁၇-၉-၂၀၁၉ ရက် ၊ အင်္ဂါနေ့) မှ စတင်၍ (ယာဉ်+ကုန်= ၂၁)တန် အောက်ယာဉ်များ(ယာဉ်ငယ်များအပါအဝင်)သည် (သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် - ကျားကလေး - ဂျိုင်း - ကော့ကရိတ် - မြဝတီ)လမ်းအပိုင်း အား အတက်/အဆင်းနှစ်မျိုးလုံး အသုံးပြုသွားလာနိုင်ပြီ ဖြစ်ပါသည်။
(ယာဉ်+ကုန် = ၄၈)တန် ယာဉ်များသည် (သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား - အိန္ဒု - ဂျိုင်း - ကော့ကရိတ် - မြဝတီ)လမ်းအပိုင်းကို အတက်/အဆင်းနှစ်မျိုးလုံး အသုံးပြုသွားလာနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
(လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်)