အသိပေးကြေညာခြင်း

အသိပေးကြေညာချက် Monday, 23 September 2019 00:00
Rate this item
(0 votes)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင်(Bearing)များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)က (၅-၁၀-၂၀၁၉)ရက်နေ့မှ (၄-၁၁-၂၀၁၉)ရက်နေ့အထိ တံတားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
မော်တော်ယာဉ်များအနေဖြင့် ဘုရင့်နောင်တံတားအမှတ်(၁)အား ပိတ်ထားစဉ် ဘုရင့်နောင်တံတားအမှတ်(၂)တွင် လမ်းကြောင်းများ ဖော်ပြထားသည့်အတိုင်း အသွား/အပြန် ယာဉ်ကြော(၂)လမ်းစီမှ မောင်းနှင်ပေးကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

(တံတားဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

Read 194 times Last modified on Monday, 09 December 2019 04:44

နေ့စဉ်သတင်းစာများရယူရန်