တောင်တွင်းကြီး - မြို့သစ် - နတ်မောက်လမ်း မိုင်တိုင် (၂၁/၃ - ၂၁/၄) ကြား ရွေပန်းပင်ချောင်း ရေကျော် သည် မိုးများပြီး ရေကျော်ကာပြင်းထန်စွာတိုက်စားသဖြင့် ပျက်စီးခဲ့ပါသည်။

ပျက်စီးမှုအားပြန်လည်ပြင်ဆင်ရန်အတွက်၂-၆-၁၈ွှမှစတင်ကာ လိုအပ်သည့်ပစ္စည်ွးှနှင့်ယန္တရားများအား အမြန် စုစည်းပြီး၆-၆-၂၀၁၈ မှစ၍တံတားစတင်တည်ဆောက်ခဲ့ပါသည်။

ထို့ကြောင့်၁၇-၆-၂၀၁၈ မှစ၍ ယာဉ်များစတင်ဖြတ်သန်းနိုင်ခဲ့ပါသည်။
တံတား၏ခံနိုင်ဝန် အဖြစ် (၃၆)တန် သတ်မှတ်ထားပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးကျော်လင်းသည်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဦးဆောင်သော UNကိုယ်စားလှယ်အဖွဲ့များအား၂၀၁၈ခုနှစ်ဇွန်လ(၁၇ )ရက်နေ့နှင့်( ၁၈ )ရက်နေ့များတွင်မြေပုံနှင့် စစ်တွေမြို့ နယ်များရှိIDPစခန်းများ၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၊ကြိမ်ချောင်းတောင်ရွာစခန်းနှင့်ပန်းတောပြင်ရွာစခန်းများသို့ရဟတ်ယာဉ်ဖြင့်လှယ့်လည်၍ repatriation process များအတွက်အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကိုလ်ုက်လံပြသရှင်းလင်းခဲ့ပါသည်။


(၁၂-၆-၂၀၁၈)ရက်နေ့ မုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပုသိမ် - မုံရွာ လမ်းအပိုင်း မိုင်တိုင် ၃၁၁/၃ နှင့် ၃၁၁/၄ ကြားရှိ (၈)ပေအကျယ် Box Culvert (၃/၃၁၂)မှာ ရေစီးဒဏ်ကြောင့် ပြိုကျပျက်စီးကာ ပေ(၆၀)ခန့် လမ်းတာဘောင် ပြတ်သွားခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရပါသည်။

အဆိုပါ လမ်းတာဘောင် ပြတ်တောက်သည့် နေရာတွင် အရှည် (၉၀)ပေ ဘေလီတံတား ယာယီတည်ဆောက်မှုအား ချက်ချင်းဆောင်ရွက်ခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။


ရာမောင်တံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေ (၂၈-၅-၂၀၁၈)ရက်နေ့မှစ၍ ယနေ့အထိ (၁၃)တန်အောက် ယာဉ်များအား ကြိုးတံတားပေါ်မှ ဖြတ်သန်းခွင့်ပြုပြီး (၁၃)တန်အထက် ယာဉ်များအား ဇက်ရေယာဉ်ဖြင့် ကူး၍ ဖြတ်သန်းခွင့်ပြုလျက် ရှိပါသည်။ (၁၃)တန်အထက် = (၇၅)စီး (ဇက်ရေယာဉ်ဖြင့် ကူးပါသည်။) (၁၃)တန်အောက် = (၁၆၀)စီး (ခရီးသည်များ တံတားပေါ် ဆင်းလျောက်၍ ယာဉ်များအား တံတားပေါ်မှ ဖြတ်သန်းသွားပါသည်။)





တောင်တွင်းကြီး - မြို့သစ်လမ်း မိုင်တိုင်(၂၀/၃ - ၂၁/၄) ရွှေပန်းပင်ချောင်း ရေကျော်(၁၅၀ ပေ) ပျက်စီးမှုအား နှစ်လွှာတစ်ထပ်ဘေလီ တံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

(၃-၆-၂၀၁၈) - ရေကျော်အတွင်း ပျက်စီးသည့် အပိုင်းအစများအား ရေစီးရေလာ ကောင်းမွန်ရန် ရေလမ်းကြောင်း ရှင်းလင်း - ယာယီတံတား Alignment နေရာ ရွေးချယ်

(၄-၆-၂၀၁၈) - ရေလယ်တိုင် Spun pipe ရိုက်မည့်နေရာတွင် ကျောက်ကြီးများနှင့် ရေကျော်အပိုင်းအစား ရှင်းလင်း - လက်ပံခြေပေါ်ဘက်ကမ်းမှ ဘေလီပစ္စည်းများ သယ်ယူ - မင်းဘူး - ပွင့်ဖြူ - စလင်း - ဆိပ်ဖြူလမ်းရှိ မုန်းချောင်းတံတားမှ Spun pipe များ သယ်ယူ - မြို့သစ်ဘက်ကမ်း ကမ်းကပ်ခုံအား Bearing အထိုင်ထိ ကျောက်ကြီးစီ

(၅-၆-၂၀၁၈) - နတ်မောက်ဘက်ကမ်း ကမ်းကပ်ခုံအား Bearing အထိုင်ထိ ကျောက်ကြီးစီ - လက်ပံခြေပေါ်ဘက်ကမ်းမှ ဘေလီပစ္စည်းများ သယ်ယူ - မင်းဘူး - ပွင့်ဖြူ - စလင်း - ဆိပ်ဖြူလမ်းရှိ မုန်းချောင်းတံတားမှ တန်(၅၀)ကရိန်း Hitachi (KH 150) သယ်ယူ

(၆-၆-၂၀၁၈) - Spun pipe များအား P1 နေရာသို့ ကရိန်းဖြင့် သယ်ရွှေ့ - ရန်ကုန် - ပြည် - မန္တလေးလမ်း မိုင်တိုင်(၁/၂၉၃) တောင်ဦးတံတားမှ ရေလယ်တိုင် P1 နှင့် P2 Diaphragm အတွက် I-Beam များနှင့် Grab များ သယ်ယူ





အများပြည်သူဆိုင်ရာ အဆောက်အဦစီမံကိန်းများ ပြင်ဆင်ဆောင်ရွက်ရေး ၊ အန္တရာယ် ကင်းရှင်းရေး ၊ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များ ၊ တင်ဒါဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအား နေပြည်တော် ရုံးအမှတ်(၁၁) ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ် (၂၉-၅-၂၀၁၈)

လှိုင်းဘွဲ့ - ရှမ်းရွာသစ် ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။ (၂၇-၅-၂၀၁၈)


ဖာပွန် - ကမမောင်း - ဝါးဘိုးတောလမ်း နှင့် ချောင်းညီနောင် တံတား လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး။ (၂၄-၅-၂၀၁၈)


ပဲခူး - သနပ္ပင် - သံလျင်လမ်း (ပဲခူးမြို့တွင်းလမ်းပိုင်း) ကတ္တရာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်။ (၁၈-၅-၂၀၁၈)


 


Page 1 of 16

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း