မန္တလေး - နောင်ချို - လားရှိုး လမ်း (ဂုတ်တွင်းတံတား) အခြေအနေ (၁၅-၈-၂၀၁၉)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲ ဖျက်စီးခြင်း ခံရသော ဂုတ်တွင်းတံတား ပျက်စီးမှု အခြေအနေ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ၊ လမ်းဦးစီးဌာန ၊ တံတားဦးစီးဌာန တို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ လမ်း/တံတား အင်ဂျင်နီယာချုပ်များ နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ တာဝန်ခံ ပြည်နယ်ဝန်ကြီးများ ၊ ရှမ်းပြည်နယ် ၊ လမ်းဦးစီးဌာန မှ လမ်း/တံတား အင်ဂျင်နီယာများသည် ယနေ့ (၁၆-၈-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် တွင် တံတားပျက်စီးမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးပါသည်။ အရှည် (၂၁၀ ပေ) နှစ်လမ်းသွား သံဘောင်ဘေလီတံတား ကို တံတားအထူးအဖွဲ့များက (၅)ရက်အတွင်း အမြန်ဆုံး တည်ဆောက်သွားမည် ဖြစ်ပါသည်။ ဘေလီသံဘောင်များအား လုပ်ငန်းခွင်သို့ သယ်ယူနေပြီ ဖြစ်ပါသည်။


ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်း အခြေအနေ (ညပိုင်း) ယနေ့(၁၅-၈-၂၀၁၉)ရက် ညပိုင်းတွင် မလွဲတောင် ပေါ်ရှိ ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားတည်ဆောက်ရေးအဖွဲ့(၄) မှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများ က တံတားကြမ်းခင်း ခင်းခြင်း ၊ တံတားနေရာမှန် ရောက်ရှိရန် တွန်းခြင်း ၊ တံတားဘေးတိုက်တွန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။


မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊ မုဒုံ ချောင်းနှစ်ခွလမ်း မိုင်တိုင် (၇/၆ - ၇/၇)ကြားရှိ ကြက်ဖတံတား သည် (၉-၈-၂၀၁၉)ရက်နေ့တွင် ရေတိုက်စားမှုကြောင့် တံတားမှာ လုံးဝပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ကျိုက္မရောမြို့နယ် ၊ လမ်းဦးစီးဌာနမှ အင်ဂျင်နီယာများ က ဘေလီတံတား ထိုးခြင်း လုပ်ငန်းကို နေ့/ည မပြတ် ဆောင်ရွက်ခဲ့ ရာ ယနေ့ (၁၅-၈-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ဘေလီတံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


ယနေ့(၁၅-၈-၂၀၁၉)ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ကရင်ပြည်နယ် လမ်းပန်းဝန်ကြီး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ နှင့်အတူ ဂျိုင်း(ကော့ကရိတ်) ပွန်တွန်းတံတား၏ ကြံ့ခိုင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်။ ယနေ့ မှစ၍ အဆိုပါ ပွန်တွန်းတံတားပေါ်တွင် ၁၃ တန်နှင့်အထက် ကုန်တင်ယာဉ်များ (၂၄)နာရီ ပိတ်ရက်မရှိ အန္တရာယ်ကင်းစွာ သွားလာနိုင်ပြီ ဖြစ်ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် အစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။


ယနေ့ (၁၅-၈-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် 
ဂုတ်တွင်း တံတား
(မန္တလေး - နောင်ချို - ကျောက်မဲ လမ်းပိုင်း)
မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါသည်။

မန္တလေးမြို့ မှ လားရှိုးမြို့ သို့
လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက် ရှိပါသည်။

ခရီးသွားပြည်သူများ အခက်အခဲ မရှိစေရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ
တံတားတည်ဆောက်ရေးအထူးအဖွဲ့များ က

အမြန်ဆုံး (၅)ရက်အတွင်း
Double Lane Bailey bridge 
(နှစ်လမ်းသွား ဘေလီတံတား)ကြီးကို
တည်ဆောက်သွားမည် ဖြစ်ပါသည် ။

ယနေ့ ညနေပိုင်းမှစ၍
လိုအပ်သော တံတားသံဘောင်ဘေလီများကို
စတင်ပေးပို့လျက် ရှိပါသည်။
 
 
 
 
 
 
 
 
 
 
 

ယနေ့ (၁၅-၈-၂၀၁၉)ရက်နေ့
နံနက်(၀၈:၃၀)နာရီမှ စတင်၍
ကရင်ပြည်နယ် ၊ ဘားအံ - အိန္ဒု - ကော့ကရိတ် - မြဝတီ လမ်း ၊
ဂျိုင်းမြစ်ကို ဖြတ်သန်း တည်ဆောက်ထားသော
ဂျိုင်း ပွန်တွန်း တံတားပေါ်မှ
ကုန်ကားကြီးများ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ပါသည်။

ကရင်ပြည်နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းသဖြင့်
ဂျိုင်းမြစ် ရေကြီးပြီး ကမ်းနှစ်ဘက် ရေလျှံတက်မှုကြောင့်
(၉-၈-၂၀၁၉)ရက်နေ့တွင်
ဂျိုင်း ပွန်တွန်းတံတား ဖြတ်သန်းခွင့်အား
ယာယီပိတ်ထားခဲ့ရပါသည်။

ယခုအခါ ဂျိုင်းမြစ်ရေ ကျဆင်းလာမှုကြောင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကရင်ပြည်နယ် ၊ 
လမ်းဦးစီးဌာန ၏ ကြီးကြပ်မှုဖြင့် 
ကုန်ကားကြီးများကို စနစ်တကျ ဖြတ်သန်းခွင့်ပြုနေပြီ
ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


ယနေ့ (၁၄-၈-၂၀၁၉)ရက် ညပိုင်း အချိန် မလွဲတောင် ပါတ်ဝန်းကျင်တွင် ရာသီဥတု အခြေအနေ ကောင်းမွန်သဖြင့် ကုန်ကားကြီးများ ၊ ခရီးသည်တင် ကားကြီးများ နှင့် အိမ်စီးကားများ ဖြတ်သန်းသွားလာနိုင်ရန် ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်း ၊ ထားဝယ်မြို့ မှ မိုင်တိုင်(၈၀/၄) အကွာရှိ လမ်းသားပြတ်နေသော မလွဲတောင်ပေါ်တွင် ဘေလီတံတား သံဘောင်ထိုးခြင်း လုပ်ငန်း နှင့် တောင်နံရံ လမ်းမြေသားတိုးချဲ့ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်စေရန် လမ်းအထူးအဖွဲ့(၂၃)၊ တံတားတည်ဆောက်ရေးအဖွဲ့(၄) တို့မှ လမ်း/တံတား အင်ဂျင်နီယာများ နှင့် ကျွမ်းကျင်လုပ်သားများ က စက်ယာဉ်ယန္တရားကြီးများဖြင့် နေ့/ည မပြတ် အချိန်နှင့်တစ်ပြေးညီ ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါသည် ။ (၁၄-၈-၂၀၁၉)


တနသာင်္ရီတိုင်းဒေသကြီး မလွဲတောင် အပိုင်း ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်း ထားဝယ်မြို့မှ မိုင်တိုင်(၈၀/၄) အကွာတွင် လမ်းသားပြတ်ကျသော နေရာသို့  ဘေလီတံတား ထိုးခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဘေလီများ တင်ဆောင်လာသည့် ကားကြီးများနှင့် ကရိန်းများ ယနေ့ (၁၄-၈-၂၀၁၉)ရက် ညနေ (၄:၀၀)နာရီအချိန်တွင် ရောက်ရှိပြီ ဖြစ်ပါသည်။ လမ်းအထူးအဖွဲ့(၂၃) မှ အင်ဂျင်နီယာများ က စက်ယန္တရားကြီးများဖြင့် တောင်ပြိုမြေများအား နေ့/ည မပြတ် ဖယ်ရှားခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မည့် နေရာသို့ ဘေလီ တင်ဆောင်သည့် ကားကြီးများ အမြန်ဆုံး ရောက်ရှိလာရခြင်း ဖြစ်ပါသည်။ တံတားဦးစီးဌာန ၊ တံတားတည်ဆောက်ရေးအဖွဲ့(၄) မှ တံတားအင်ဂျင်နီယာများ ၊ ကျွမ်းကျင်လုပ်သားများ က ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို အမြန်ဆုံး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ (၁၄-၈-၂၀၁၉)


ရန်ကုန် - ရေး - ထားဝယ် - မြိတ် လမ်းအခြေအနေ မွန်ပြည်နယ် ၊ လမ်းဦးစီးဌာန ၊ လမ်းအဖွဲ့များ က မိုင်တိုင် (၁၁၂/၀ မှ ၁၁၅/၄)အတွင်း မလွဲတောင် အပိုင်းရှိ တောင်ပြိုမြေများအား (၁၃-၈-၂၀၁၉)ရက်နေ့တွင် ရှင်းလင်းဖယ်ရှားပြီး ဖြစ်ပါသည်။ တနသာင်္ရီ တိုင်းဒေသကြီးအတွင်း လမ်းသားပြတ်တောက်နေသော (ထားဝယ် မှ ၈၀/၂ မိုင် အကွာ)အထိ တောင်ပြိုလမ်းများအား မွန်ပြည်နယ် ၊ လမ်းဦးစီးဌာန က ဖယ်ရှားရှင်းလင်းမည် ဖြစ်ပါသည်။ တနသာင်္ရီတိုင်းဒေသကြီး မလွဲတာင် - ထားဝယ် လမ်းပိုင်းတွင် တောင်ပြိုမြေ ဖယ်ရှားရှင်းလင်းခြင်းကို (၁၄-၈-၂၀၁၉)ရက်နေ့တွင် ပြီးစီးနိုင်ရေး လမ်းအထူးအဖွဲ့(၂၃) က နေ့/ည မပြတ် ဆောင်ရွက်လျက် ရှိပါတယ်။ ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို (၁၆-၈-၂၀၁၉)ရက်နေ့တွင် ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့နှင့် လမ်းအထူးအဖွဲ့ များ က ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ကုန်ကားကြီးများ ဖြတ်သန်းသွားနိုင်ရန်အတွက် (၁၈-၈-၂၀၁၉)ရက်နေ့တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။


သံဖြူဇရပ် - ဘုရားသုံးဆူလမ်း (၉-၈-၂၀၁၉)ရက်နေ့ နံနက်(၂)နာရီ မိုးများ၍ တောင်ကျရေကြောင့် ရေထဲမျောပါသွားသော တံတားများအတွက် ယာယီဘေလီတံတား (၅)စင်း အစားထိုးဆောင်ရွက်ခြင်းလုပ်ငန်းအား တံတားအထူးအဖွဲ့(၁၄) က လူအား စက်အားဖြင့် နေ့/ည ဆောင်ရွက်လျက် ရှိပါသည်။ (၁၃-၈-၂၀၁၉)


Page 2 of 27

နေ့စဉ်သတင်းစာများရယူရန်