ငလျှင်ဒဏ်ခံတံတားပြုပြင်

(၂၄-၈-၂၀၁၆) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ မအီ - ကျောက်ဖြူလမ်း မိုင်တိုင်(၅၃/၃) ရှိ အရှည်(၃၅၁.၈၈) မီတာ လုံးတော် ပေါက်တံတား၏ (၆၀ m) ရေလည်ခန်းဖွင့် သံမဏိ သံပေါင်သည် တိုင်အမှတ် P(3) ပေါ်ရှိ အထိုင် Bearing ပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းကြောင့် သံမဏိ သံပေါင်သည် တိုင်အမှတ် P(3)ပေါ်တွင် ဘေးတိုက်

 

(၁)ပေခန့်၊ အောက်သို့(၄)လက်မခန့် နိမ့်ကျသွားခဲ့ပြီး သံပေါင်မှာ တံတားတိုင်၏ Cross-Beam ပေါ်တွင် တည်ရှိနေပါသည်။ သို့ပါ၍ တံတားပေါ် တွင် မော်တော်ယာဉ်များ ဖြတ်သန်းခြင်းအား ခေတ္တပိတ်ထားခဲ့ရခြင်းအား ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ တံတားဦးစီးဌာနမှ အချိန်မီ ကြိုးစား ပြင်ဆင်ခဲ့ပြီး ယနေ့ (၃၁-၈-၂၀၁၆)ရက်နေ့ မနက် (၁၀း၀၀) အချိန်မှ စတင်ကာ မော်တော်ယာဉ်များ စတင်ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။