ချင်းပြည်နယ် လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝနိကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျင်ငိုက်မန် တို့သည် ၁၂- ၁၀-၂၀၁၇ ရက်နေ့တွင် ချင်းပြည်နယ် လမ်းဦးစီးဌာနနှင့် ကျေးလတ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်လျက် ကလေး - ဖလမ်း - ဟားခါးလမ်း (ကလေး - သိုင်းငင်းအပိုင်း)၊ သိုင်းငင်း - တီးတိန်လမ်းနှင့် တီးတိန် - တွန်းဇံ - ကျီခါးလမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ထိုသို့စစ်ဆေးရာတွင် ဒုတိယဝန်ကြီး မိုးရေတိုက်စား၍ ပြန်လည်ပြုပြင်ရမည့် အခြေအနေများနှင့် ပွင့်လင်းရာသီတွင် လမ်းတိုးတက်ပြုပြင်ရမည့် အခြေအနေများကို မှာကြားခဲ့ပါသည်။ ထို့အပြင် တီးတိန် - ကျီခါးလမ်း ၉၀ ကီလိုမီတာမှ ဇမ်ပီးကျေးရွာသို့ ကျောက်ခင်းလမ်း ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းပေးခဲ့ပါသည်။

 

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း