ရာမောင်တံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းမှု အခြေအနေ

ရာမောင်တံတားတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေ (၂၈-၅-၂၀၁၈)ရက်နေ့မှစ၍ ယနေ့အထိ (၁၃)တန်အောက် ယာဉ်များအား ကြိုးတံတားပေါ်မှ ဖြတ်သန်းခွင့်ပြုပြီး (၁၃)တန်အထက် ယာဉ်များအား ဇက်ရေယာဉ်ဖြင့် ကူး၍ ဖြတ်သန်းခွင့်ပြုလျက် ရှိပါသည်။ (၁၃)တန်အထက် = (၇၅)စီး (ဇက်ရေယာဉ်ဖြင့် ကူးပါသည်။) (၁၃)တန်အောက် = (၁၆၀)စီး (ခရီးသည်များ တံတားပေါ် ဆင်းလျောက်၍ ယာဉ်များအား တံတားပေါ်မှ ဖြတ်သန်းသွားပါသည်။)