မိုင်တိုင်အမှတ် (၁၉၉/၀) အနီး ရေတိုက်စားပျက်စီးသောနေရာအား ယာယီပြင်ဆင်ဆောင်ရွက်ပြီး

ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ရှိ မိုင်တိုင်အမှတ် (၁၉၉/၀) အနီး ရေတိုက်စားပျက်စီးသောနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် Oriental Highway ကုမ္ပဏီမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများ ၊ တပ်မတော်၊ ရဲ နှင့်ဒေသခံများ ပူးပေါင်း၍ မော်တော်ယာဉ်များသွားလာနိုင်ရန်ယာယီပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။

ထို့ကြောင့် ယာဉ်ငယ်များသည် နံနက်၁၁နာရီ၄၅မိနစ်မှစတင်၍လည်းကောင်း၊ (၆)ဘီး နှင့် (၁၀) ဘီးကုန်တင်ယာဉ်များသည် မွန်းလွဲ(၃)နာရီ (၄၅)မိနစ်မှစတင်၍လည်းကောင်း အလှည့်ကျ စတင်ဖြတ်သန်းနိုင်ပြီဖြစ်ပါသည်။

ကျန်ရှိနေသော ၁၂ဘီးကုန်တင်ယာဉ်၊တွဲယာဉ်ကြီးများအား ဖြတ်သန်းနိုင်စေရန် ၆၀ပေခန်းဖွင့် Double-Single ဘေလီတံတားအားပြီးစီးအောင်ဆောင်ရွက်လျှက်ရှိပါသည်။

 

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း