အိန္ဒု - ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အိန္ဒု - ကော့ကရိတ် လမ်းပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မကြာမီတွင် ဖွင့်လှစ်တော့မည့် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ (၁၇-၃-၂၀၁၉)