ပြည်ထောင်စုဝန်ကြီးရုံး / မူဝါဒ
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူဝါဒ (၆)ရပ်
၁။ မြန်မာနိုင်ငံ၏ ဆောက်လုပ်မှုကဏ္ဍကို စနစ်ကျန၍ ခေတ်မီစွာ ဖွံ့ဖြိုးတိုးတက်စေရေး။
၂။ မြန်မာနိုင်ငံတွင်ရှိသည့် အဆောက်အဦများ၏ စံချိန်စံညွှန်းများ တစ်ပြေးညီဖြစ်စေရန် ကြပ်မတ်ထိန်းသိမ်းပေးရေး။
၃။ မြန်မာနိုင်ငံ၏ လမ်း၊ တံတားများကို အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အချိန်ကို လျော့ချနိုင်စေရေး။
၄။ နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံရမှုသက်သာစေရန် P.P.P (Public Private Partnership) အစီအစဉ်အရ နိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး။
၅။ မြန်မာနိုင်ငံ၏ မြို့ပြနှင့်အိမ်ရာကဏ္ဍကို ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေး။
၆။ နိုင်ငံတော်၏ အဆောက်အဦများနှင့် ပြည်သူလူထုအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရေး။