ပြည်ထောင်စုဝန်ကြီးရုံး / ရည်မှန်းချက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၆)ရပ်
၁။ အဆောက်အဦဆောက်လုပ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရမည်။
၂။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အမျိုးသားစံချိန်စံညွှန်းနှင့် ညီညွတ်စေရမည်။
၃။ ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ ကီလိုမီတာ (၄၂၆၈၅)ရှိလမ်းများအား ASEAN Class III (၁၈ ပေ အကျယ်) ကတ္တရာလမ်း/ ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်နှင့် တံတားများအားလုံး (၂၄ ပေအကျယ်) နှစ်လမ်းသွား RC တံတား/ PC တံတား/ သံပေါင်တံတား အဆင့်သို့ အနည်းဆုံး ရောက်ရှိရမည်။
၄။ နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံရမှုသက်သာစေရန် P.P.P (Public Private Partnership) အစီအစဉ်အရ နိုင်ငံသားလုပ်ငန်းရှင် များအား ဖိတ်ခေါ်၍ ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လွှဲပြောင်းပေးခြင်း (B.O.T) (Build, Operate and Transfer) စနစ်ဖြင့် ပုဂ္ဂလိကပိုင်အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး နည်းပညာပိုင်း ပံ့ပိုး၍ ရပိုင်ခွင့်များနှင့် လုပ်ပိုင်ခွင့်များ ကာကွယ် စောင့်ရှောက်ပေးသွားရမည်။
၅။ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း(၃၃၀)ကျော်သည် စနစ်ကျနသော မြို့ပြအဖြစ် အကွက်ချ တည်ဆောက်ပြီး ဖြစ်ရမည်။
၆။ ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အရောင်းအိမ်ရာများနှင့် အငှားအိမ်ရာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်၍ အိမ်ရာလိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းမှ အိမ်ခန်း (၁)သန်း တည်ဆောက်ပေးနိုင်ရမည်။