ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များ ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၇
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားပွဲတော်ကာလအတွင်း လျှပ်စစ်မီးများ မပြတ်တောက်စေရေးအတွက် အရန်မီးစက်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster-4 ရှိ ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အခမ်းအနားပြင်ဆင်ရာတွင် လစ်ဟင်းမှုများ၊ လိုအပ်ချက်များမရှိစေရေးအတွက် တာဝန်ရှိသူများက ဂရုတစိုက်စစ်ဆေး ကြပ်မတ်သွားရန်လိုကြောင်း၊ နိုင်ငံတော်အလံနှင့် အမျိုးသား အားကစားပွဲတော်အလံ လွှင့်တင်မည့် အလံစင်ခိုင်ခံ့မှုရှိစေရေး ဆောင်ရွက်သွားရန်၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများ ခိုင်ခံ့မှုရှိစေရေးနှင့် စနစ်တကျ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ အားကစားပွဲတော် ကာလအတွင်း ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
Nov 08 2024