...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြုသွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် ဘေးကင်းမှုအန္တရာယ် ကြိုတင်ကာကွယ်သည့် တယ်လီမက်တစ်စနစ် တပ်ဆင်အသုံးပြုခြင်းကို သိရှိအောင်ဆောင်ရွက်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြတ်နိုးသူကုမ္ပဏီလီမိတက်သို့ရောက်ရှိကြပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို စစ်ဆေးရာ တာဝန်ရှိသူများက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ပုဂံညောင်ဦး-ကျောက်ပန်းတောင်းလမ်း၊ ညောင်ဦး-မြင်းခြံလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတိုးလ်ဂိတ်ကောက်ခံမှုအခြေအနေနှင့် စက်ယာဉ်ယန္တရားများ ဖြန့်ခွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

တာဝန်ရှိသူများနှင့်ညှိနှိုင်း

တင်ပြချက်များအပေါ်ဒုတိယဝန်ကြီးက ပခုက္ကူ-မိတ္ထီလာဘက်ရှိ တံတားများတွင် တန် ၁၆၀ အလေးချိန် သယ်ဆောင်သည့်ယာဉ်များ ဖြတ်သန်းသွားလာမှုရှိနေ၍ တံတားများ၏ကြံ့ခိုင်မှုအား စစ်ဆေးရန်နှင့် ဝန်ကြီးဌာနမှပံ့ပိုးပေးရမည့်ကိစ္စရပ်များရှိပါက တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာကျောက်ပန်းတောင်းလမ်း မိုင် (၅၂/၃) နှင့် (၅၂/၄) အကြားတွင် လမ်းပေါက်ဖာ၊ လမ်းညှိခြင်း ဆောင်ရွက်နေမှုနှင့် မိုင်(၂၂/၄) နှင့် (၂၃/၀) ကြားရှိ လမ်းပေါက်ဖာခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာ (သီးကုန်း) တိုးလ်ဂိတ်တွင် E.T.C စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေမှု အခြေအနေကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း (မိတ္ထီလာ-နေပြည်တော်) လမ်းပိုင်းအခြေအနေကို လည်းကောင်း၊ နေပြည်တော် (စီလမ်းဆုံ) တိုးလ်ဂိတ် Traffic Information Center တွင် ခရီးသွားယာဉ်များဘေးကင်းမှုအတွက် တယ်လီမက်တစ်စနစ် အသုံးပြုဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် နည်းပညာအထောက်အပံ့ရယူကာ ဘေးကင်းမှုအန္တရာယ် ကြိုတင်ကာကွယ်သည့် တယ်လီမက်တစ်စနစ်တပ်ဆင်အသုံးပြုခြင်းကို ယာဉ်မောင်း၊ ယာဉ်လိုင်း တာဝန်ရှိသူများသိရှိအောင် ဆောင်ရွက်ကြရန်နှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များအား အမြန်လမ်းမကြီးဥပဒေအတိုင်း အရေးယူနိုင်ရေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်မှာကြားသည်။

  May 16 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်