လမ်းဦးစီးဌာန / သတင်းများ
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များနှင့် လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးလ်ဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီလမ်းဆုံတိုးလ်ဂိတ်၌ Computer စနစ်ဖြင့် နေ့စဉ်လမ်း အသုံးပြုခကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေနှင့် လျှပ်စစ်မီးရရှိမှု၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေမှန်ကန်စွာ စာရင်းရေးသွင်းရေး၊ တိုးလ်ဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး Computer စနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ကောက်ခံရရှိမှုစာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှသတ်မှတ် ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) တစ်လျှောက်ရှိ တိုးလ်ဂိတ်များဖြစ်သည့် တောင်ငူမီနီတိုးလ်ဂိတ်၊ အုတ်တွင်းမီနီ တိုးလ်ဂိတ်၊ ဖြူးတိုးလ်ဂိတ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၇၅/၄)နှင့် (၇၆/၂)ကြား (အသွားလမ်း) AC ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒရယ်မီးမီနီတိုးလ်ဂိတ်၊ ဘောနက်ကြီး မီနီတိုးလ်ဂိတ်၊ အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 27 2024