အသိပေးကြေညာချက်များ
ရေးဖြေစာမေးပွဲ ကျင်းပမည့်ရက် ကြေညာခြင်း
၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ခန့်ထားမည့် ဒုတိယဦးစီးမှူး(စီမံ၊ ဥပဒေ၊ ဥယျာဉ်)၊ စာရင်းကိုင်(၂)၊ အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ) ရာထူး နေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်း နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-
(က) ၁၆-၂-၂၀၂၅ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မြန်မာစာ
(ခ) ၁၆-၂-၂၀၂၅ (၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီထိ အင်္ဂလိပ်စာ
(ဂ) ၁၆-၂-၂၀၂၅ (၁၅:၀၀)နာရီမှ (၁၇:၀၀)နာရီထိ အထွေထွေဗဟုသုတ
၂။ ဖြေဆိုရမည့်နေရာကို စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွင် တစ်ပါတည်းဖော်ပြထားမည်ဖြစ်ပြီး (၁၃-၂-၂၀၂၅) ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ရုံးအမှတ်(၄၀) ၊ စီမံရေးရာဌာနခွဲ၊ နေပြည်တော်တွင် မှတ်ပုံတင်(မူရင်း)နှင့်အတူထုတ်ယူသွားရန် အသိပေးအပ်ပါသည်။
မေးခွန်းပုံစံအား Download ရယူရန်- https://construction.gov.mm/storage/TinDar/tindar_1739165083_မေးခွန်းပုံစံ.pdf
စိစစ်ရွေးချယ်ရေးအဖွဲ့
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
Feb 10 2025