...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ၊ ခေတ်သစ်ပိုးလမ်းကြီး (Belt and Road Initiative – BRI)နှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံ (China–Myanmar Econo-mic Corridor–CMEC)ကိုလည်း အရည်အသွေး မြင့်မြင့်မားမားဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်နင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လိုက်လံကြည့်ရှု လေ့လာကြသည်။

ထို့နောက် China-ASEAN Ministerial Roundtable on Construction အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ “ပွင့်လင်းမြင်သာမှုရှိပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တည်ဆောက်ရေးကဏ္ဍတွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ မျှဝေခြင်း” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုများ၏ အရေးပါမှုကို ဖော်ပြခြင်းဖြစ်ပါကြောင်း။

တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောကဏ္ဍတစ်ရပ်အနေဖြင့် China – Myanmar Economic Corridor (CMEC)သည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ထို့အပြင် နိုင်ငံတကာ ကုန်းလမ်း၊ ရေလမ်း ကုန်သွယ်ရေးစင်္ကြံ(International Land Sea Trade Corridor – ILSTC) သည် မြန်မာနိုင်ငံကိုဖြတ်ကျော်၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် အရေးကြီးသော လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးကဏ္ဍသည် ခေတ်မီသယ်ယူ ပို့ဆောင်ရေးကွန်ရက်များ၊ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းနှင့် ခံနိုင်ရည်ရှိသော အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက် အလားအလာကို အပြည့်အဝအသုံးပြုနိုင်ရန်နှင့် ဒေသတွင်းချိတ်ဆက်မှုတိုးမြှင့်ရန်၊ ခိုင်မာသော အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည်လည်း မရှိမဖြစ်လိုအပ်ပါကြောင်း၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် စည်းလုံးညီညွတ်စွာဖြင့် သာယာဝပြောပြီး အပြန်အလှန်အကျိုးရှိစေမည့် နည်းလမ်းကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။

ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ရန် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ကြရာ၌ အာဆီယံ နိုင်ငံအသီးသီး၏ အကောင်းဆုံးအလေ့အထများနှင့် နည်းပညာများကို အချင်းချင်းမျှဝေဆွေးနွေးကြခြင်းဖြင့် ယခုကျင်းပသည့် အစည်းအဝေးကို ပိုမိုအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသည့်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တရုတ်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမြောက် အလားအလာများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အချင်းချင်း မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

  Oct 11 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်