...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ဒုတိယဝန်ကြီး ဦးဝင်းဖေ မင်းဘူးမြို့နယ်နှင့် မကွေးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းများနှင့် တောင်ညို (ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး) လမ်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းဘူး-မကွေးလမ်း မိုင်တိုင်အမှတ်(၀/၆)မှ (၁/၀)အတွင်းနှင့် မိုင်တိုင်အမှတ် (၁/၃) နှင့် (၁/၄)အတွင်း အန္တရာယ်ရှိသောလမ်းကွေ့များ (မျက်ကွယ်ကွေ့များ) မြေဖြတ်ခြင်းလုပ်ငန်းနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မင်းဘူးခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဥမ္မာလှိုင်က စက်ယာဉ်ယန္တရားများဖြင့် လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းအထူးအဖွဲ့ (၁၁) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်း (မင်းဘူးမြို့တွင်းလမ်းပိုင်း) မိုင်တိုင်အမှတ် (၀/၄)မှ (၁/၅)အထိ ကိုးဖာလုံ မူလကတ္တရာလမ်း ပေ ၃၀ အကျယ်မှ ၄၈ ပေအကျယ် လမ်းချဲ့၍ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မင်းဘူး-မကွေးလမ်းပိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသွားအပြန်လမ်းနှင့် လမ်းလယ်ကျွန်း ထည့်သွင်းဆောင်ရွက်ပြီး လမ်းဘေးဝဲယာ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လမ်းဒီဇိုင်းမှန်ကန်မှုရှိစေရေး လမ်းအရည်အသွေးကောင်းမွန်ရေးနှင့် လမ်းသားများ မပျက်စီးစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို (ပန်းတင်)-မြို့သစ်-ကန်ပြား (မကွေး) လမ်းပိုင်းရှိ မိုင်တိုင်အမှတ်(၆၈/၇) မှ (၆၉/၃)ကြားနှင့် မိုင်တိုင် အမှတ်(၃၉/၁)မှ (၃၉/၃)ကြား ၁၈ ပေမှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စောမြတ်ခိုင်နှင့် တာဝန်ခံအင်ဂျင်နီယာများက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး) လမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုများကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  Jun 05 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်