...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအား ပထမအကြိမ် စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများပေးအပ်သည့် အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအား ပထမအကြိမ် စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် KG မှ Grade–12 အထိ အခြေခံပညာကျောင်းများတွင် အဆင်ပြေချောမွေ့စွာ တက်ရောက်ပညာသင်ကြားနိုင်ရန် စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းသား၊သမီးများ ကျောင်းသွား/ကျောင်းပြန် လွယ်ကူအဆင်ပြေစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကျောင်းကြို/ပို့ကားများကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုကာလသည် ငလျင်ဘေးကြောင့် အိမ်နေရာအပြောင်းအရွှေ့နှင့် ကျောင်းနေရာအပြောင်းအရွှေ့များရှိသော်လည်း ကျောင်းဖွင့်ရာသီအမီ ပညာသင်ကြားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်မည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများပေးအပ်ပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား လူရည်ချွန်သုံးထပ်ကွမ်းရရှိသူ Grade–12 မှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားမည့် မူလတန်း ၃၅၂ ဦး၊ အလယ်တန်း ၁၉၇ ဦး၊ အထက်တန်း ၁၄၉ ဦးနှင့် ကိုယ်ပိုင်ကျောင်း ၃၉၈ ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ ၁၀၉၆ ဦး ရှိကြောင်းသိရသည်။            

  May 27 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်