...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)နှင့် အရည်အသွေးထိန်း သိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၌ သင်တန်းကျောင်းမှ ဝန်ထမ်းများ ၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)မှ ကျောင်းအုပ်ကြီးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ တာဝန်ခံများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အနေဖြင့် တိုးတက်မြင့်မားလာသော နည်းပညာအချက်အလက်များကို မျက်ခြည်မပြတ်စေဘဲ ခေတ်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ပေးနိုင်ရေး စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲများအနေဖြင့် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက်များစွာအရေးပါသောကြောင့် ဌာနတာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ်ဆေးဆောင် ရွက်ကြရန်နှင့် ISO အသိအမှတ်ပြု လက်မှတ်ရရှိပြီးသောဌာနဖြစ်၍ လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး၍ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျထိန်းသိမ်းအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိရှိထိရောက်စွာ အသုံးပြုသွားကြ ရမည်ဖြစ်ကြောင်းပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သတင်းပို့တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန် ရှိသူများက မြို့ပြ/ရေသန့်/လျှပ်စစ် အပိုင်းလိုက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများ လျာထားချက်အတိုင်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆေးရုံအဆောက်အဦဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် စိစစ်ဆောင်ရွက်ပေးသွားရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

  Dec 04 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်