...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) (CHIDဘဏ်) ဒသမအကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) (CHID ဘဏ်)၏ ဒသမအကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၌ ကျင်းပရာ CHID ဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ CHID Bank ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘဏ်အစုရှယ်ယာရှင်များ၊ Win Thin & Associates မှ စာရင်းစစ်နှင့်တာဝန်ရှိသူများ၊ ဘဏ်မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် နာယကဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က နိုင်ငံတစ်နိုင်ငံရှိ စီးပွားရေးကဏ္ဍ အဓိကမောင်းနှင်အားတွင် ဘဏ်များသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်ရာကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် အိမ်ရာငွေကြေးစနစ် ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အိမ်ရာကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍတို့အတွက် ဘဏ္ဍာငွေကြေးပံ့ပိုးပေးနိုင်သော ဦးဆောင်ဘဏ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆက်လက်ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဘဏ်အမှုဆောင်အရာရှိချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်၏ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် နှစ်ပတ်လည် အစီရင်ခံစာများကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် Win Thin & Associates မှ စာရင်းစစ်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်၏ ပြင်ပစာရင်းစစ်အစီခံစာကို တင်ပြအတည်ပြုချက်ရယူခြင်း၊ ဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များအမည်စာရင်းကို အတည်ပြုကြေညာခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်သစ်များကို အစုရှယ်ယာရှင်များ၏ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ကို နိုင်ငံတော်၏ ဆောက်လုပ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးကို ဆောင်ရွက်နိုင်မည့် ထိရောက်သောဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှုစနစ်ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်ကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှယ်ယာ ၄၀ ရာခိုင်နှုန်း မတည်ထည့်ဝင်၍ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ် မေလတွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

  Dec 18 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်