...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


လမ်း/တံတား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်‌ဆေးခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်းတစ်လျှောက်( နေပြည်တော်- ရန်ကုန်) လမ်းပိုင်းအား မိုင်တိုင်( ၅၀/၀)မှ(၅၃/၀)အတွင်း လမ်းပြုပြင်နေမှု၊ ရန််ကုန်မှ နေပြည်တော်သို့ အသွားလမ်း မိုင်တိုင်(၃၈/၅) မှ(၃၉/၆)အတွင်း AC ကတ္တရာလမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မိုင်တိုင်(၀/၀)မှ (၀/၄) အတွင်း ကတ္တရာကွန် ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု တို့အား ကွင်းဆင်းစစ်ဆေးရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကျော်မိုးဦးမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းမှ လိုအပ်သည်များဖြည့်စွက်တင်ပြပါသည်။ ဒုတိယဝန်ကြီးမှ သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း ဆောင်ရွက်ရန်၊ ယာဉ်မတော်တဆမှုအန္တရာယ်များ လျှော့နည်းစေရေးအတွက် ထည့်သွင်းစဉ်းစား လုပ်ဆောင်ရန် မှာကြားပါသည်။

 အဲ့ဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Oriental Highway Co;Lt မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်- ပုသိမ်လမ်းတွင် ယာဉ်များဖြတ်သန်းသွားလာမှု အခြေအနေအား လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ ဆောင်ရွက်လျက်ရှိသည့် မဲဇလီတံတားသစ် တည်

ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ) ဦး ကျော်ဇင်ထွေးမှ စီမံကိန်းဆိုင်ရာများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ပင်မတံတား၊ ချဉ်းကပ်တံတား၊ တံတားအရှည်၊ တံတားအကျယ်၊ ယာဉ်သွားလမ်းအကျယ်၊ ခွင့်ပြယာဉ်အလေးချိန် စသည့် တံတားဆိုင်ရာအချက်အလက်များအား တည်ဆောက်ရာတွင် စနစ်တကျ စီမံချက် ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်လုံခြုံရေးအားဂရုပြုရန် မှာကြားပါသည်။

 အဲ့ဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်- ပုသိမ်လမ်း ၎င်းမှတဆင့် ဆားမလောက်- ညောင်တုန်းလမ်း၊ ၎င်းမှတဆင့် ညောင်တုန်း- တာကွေ့လမ်း မိုင်တိုင်(၂/၁) လမ်းစခန်းရှင်းလင်း ဆောင်၌ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြိုင်ထူး မှ ညောင်တုန်း- တာကွေ့လမ်း လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းပြည့်မှီရေးနှင့် သတ် မှတ်ချိန်ပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားပါသည်။

 အဲ့ဒီနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်းတံတားချဉ်းကပ်လမ်းမှတဆင့် ကြိမ်ပင်ဆည်- စက္ကော့- ဓနုဖြူ- ဇလွန်လမ်း ကွန်ကရစ်လမ်းခင်းပြီးစီးမှု လုပ်ငန်းများအား လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပုသိမ်- ကံကုန်း- မြင်းကဆိပ်- မြောင်းမြလမ်းပေါ်၌ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၅)မှ တာဝန်ယူဆောက်လုပ်နေသည့် ပမ္မဝတီတံတား(မြင်း ကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန် ခံ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲနိုင်ဦးမှ စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်း လင်းတင်ပြပြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးး(မြို့ပြ) ဦးကျော်ကျော်ဝင်းမှ ချဉ်းကပ်လမ်းဆောင် ရွက်မည့်အစီအစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးမှ စီမံကိန်းအတွက် လိုအပ်သည့် ရန်ပုံငွေရရှိမှု၊ ပစ္စည်းဝယ်ယူမှုအခြေအနေများ၊ မြေယာလျှော်ကြေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်မှုအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် မှာကြားပါသည်။

 ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဖွင့်ပွဲမတိုင်မီ ပြင်ဆင်နေမှု အခြေအနေများအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


  Dec 23 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်